16 July 2011

ကိုယ်ပိုင်ဒိုမိန်းနဲ့ပရိုဆီဆာဗာ

စာကလဲကြာလာလေ သိတ်မရေးချင်လေဖြစ်နေတော့ ခက်သားကလား။ စာဆိုရင်ဖတ်ရတာကပိုအားရ နေတာကလဲတမျိုး။
ဒါပေမယ့်ကျွန်တော်ရေးချင်တဲ့ စိတ်ပေါက်လာရင်တော့ ရေးဖြစ်မယ်ထင်ပါတယ်။ အခုလဲမြန်မာပြည်က
နအဖနောက်လိုက်ကပ်မြှောင်တွေက ပိတ်ထားလို့ကျော်နေခွနေရတဲ့သူတွေအတွက် အဆင်ပြေအောင်ကိုယ်ပိုင်ပရိုဆီ
ဆာဗာလေးထောင်တဲ့နည်းလေးရေးရင် ကောင်းမယ်လို့တွေးမိတာနဲ့ ဒီပို့စ်လေးဖြစ်ပေါ်လာတော့တာပါပဲ။
ဂူဂယ်လ်ရဲ့မြောက်များလှတဲ့ ဖရီးဆားဗစ်တွေ ၊ Apps တွေထဲမှာဂူဂယ်လ်အကောင့်တစ်ခု ဖွင့်ထားသူမည်သူမဆို ပရိုဆီဆာဗာ
အများဆုံး ၁၀ ခုအထိထောင်လို့ ရနိုင်တဲ့ဟာလေးလဲပါဝင်ပါတယ်။ Google App engine နဲ့အတူ ပြုလုပ်ရမယ့်ပုံအဆင့်ဆင့်ကတော့

အဆင့် (၁) appengine.google.com ကိုသွားပြီးမိမိရဲ့ဂျီမေးလ်နဲ့ဆိုင်းအင်ဝင်လိုက်ပါ။ ကိုယ်ပိုင်ဒိုမိန်းရှိထားပြီးဂူဂယ်လ်ကဖရီးပေးတဲ့ မေးလ်ဆားဗစ်ကိုမိမိရဲ့
ကိုယ်ပိုင်ဒိုမိန်းနဲ့သုံးစွဲနေသူတွေကတော့ အဲဒီမေးလ်အိုင်ဒီနဲ့ပဲတိုက်ရိုက်ဝင်ဖို့ http://appengine.google.com/a/Your Domian.com ကိုသွားပြီး Sign in ဝင်လိုက်ပါ။နမူနာပြထားတဲ့လင့်ကနောက်ဆုံး YourDomain ဆိုတဲ့နေရာမှာမိမိရဲ့ ကိုယ်ပိုင်ဒိုမိန်းကိုရေးထည့်ရမှာပါ။

အဆင့် (၂) Create an application ဆိုတဲ့ botton ကိုကလစ်ပါ။တကယ်လို့များ ဒါဟာပထမဆုံးအကြိမ် Google App engine ကိုအသုံးပြုတာဆိုရင်ဂူဂယ်လ်ကနေပြီး သင့်ရဲ့မိုဘိုင်းလ်ဖုံးကို verification code တစ်ခုကို SMS ပို့ပေးလာနိုင်ရန်မိုဘိုင်းလ်ဖုံးနံပါတ်တစ်ခု ထည့်ပေးရပါ့မယ်။ ချက်ချင်းပဲဂူဂယ်လ်ကနေပြီး verification code ကိုပို့ပေးလာမှာဖြစ်ပါတယ်။ ကုဒ်ကိုရပြီဆိုရင်တော့အဲဒီကုဒ်ကိုထည့်ပေးရမယ့် အကွက်ထဲမှာရိုက်ထည့်ပေးလိုက်ပြီး send tab လေးကိုနှိတ်လိုက်တာနဲ့ Verified ဖြစ်သွားပြီး သင့်ရဲ့ Google App engine ကိုအသုံးပြုပြီး Application တစ်ခုကိုစတင်ဖန်တီးနိုင်ပါပြီ။

အဆင့်(၃) ဒီအဆင့်မှာတော့မိမိရဲ့ ပရိုဆီဆာဗာမှာအိမ်ရှင်အဖြစ်ထားမယ့် sub domain ကိုရွေးပေးရပါ့မယ်။ ကိုယ်ရွေးပေးလိုက်တဲ့ sub domain ကသေချာပေါက်ဂူဂယ်လ်က လက်ခံတဲ့ဘယ်သူကမှမရှိသေးတဲ့နာမည် ဖြစ်ရပါ့မယ်။ ပြီးရင်တော့ဂူဂယ်လ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သဘောတူပြီး save ကိုကလစ်ရပါ့မယ်။ ဒီနေရာမှာအရေးကြီးတာက သင်ထည့်လိုက်တဲ့ sud domain နာမည်ကသင်အခုဖန်တီးမယ့်
ပရိုဆီ application ရဲ့ App ID ဆိုတာကိုမမေ့ပါနဲ့။
ဒီအတွက်ဥပမာပြရရင် tayzartay1 ဆိုတာကျွန်တော့်ရဲ့ Sub domain ဖြစ်ပါတယ်။ဂူဂယ်လ်ကအော်တိုပေးထားတဲ့ ဒိုမိန်းကတော့ appspot.com ဆိုတော့ဒီနေရာမှာကျွန်တော့် sub domain နဲ့တွဲလိုက်ရင်ပြည့်စုံတဲ့ URL ခေါ်ဝဘ်ဆိုက်လိပ်စာက tayzartay1.appspot.comဖြစ်ပါတယ်။ စိတ်ချရတာကတော့  https://tayzartay1.appspot.com နဲ့ပါ။ဘာလို့ဆိုသူက https မို့ပါပဲ။ကျွန်တော်ပိုင်တဲ့ကိုယ်ပိုင်ဒိုမိန်းနဲ့ဆိုရင်တော့ ဒီလိုလေးဖြစ်မှာပါ။ https://tayzartay1.tayzartay.com/

အဆင့်(၄) အိုကေ...ကျွန်တော်တို့အခု ID တစ်ခုရလာပြီဆိုတော့ ကျွန်တော်တို့ရဲ့ application တစ်ခုကို Google App Engine မှာ Upload တင်ဖို့ ဦးစွာလိုအပ်တဲ့ Python 2.6.6.msi ကိုဒေါင်းလုပ် ပြီးအင်စတောရပါ့မယ်။ အင်စတောလုပ်နည်းကတော့ ဒီနေရာမှာမဖော်ပြတော့ပါဘူး။ ထုံးစံအတိုင်း Run ပြီး Next တွေချည့်ဆက်တိုက်နှိတ်သွားရုံပါပဲ။ အဲ..ဖော်ပြလိုက်ပြီ..အဟဲ..

အဆင့် (၅) ဒီအဆင့်မှာတော့ Python ကိုအင်စတောလုပ်ပြီးပြီဆိုတော့ နောက်ထပ်အဓိကအကျဆုံးလိုအပ်တဲ့ Google App Engine SDK for Python ကိုဒေါင်းလုပ်ရပါမယ်။ အဲဒီမှာပဲ MAC,Linux,Window မိမိသုံးစွဲနေတဲ့ OS ပေါ်မူတည်ပြီးပေးထားတဲ့ application file ကိုဒေါင်းလုပ်ချရမှာပါ။ ဝင်းဒိုးသမားအတွက်ကတော့ ယခုဒီပို့စ်ရေးနေတဲ့ကာလမှာတော့ GoogleAppEngine-1.5.1.msi ဆိုတဲ့ Package ဖိုင်လ်ကိုကလစ်ပြီးဒေါင်းလုပ်ချရမှာဖြစ်ပါတယ်။ အခုကျွန်တော်ရေးပြနေတာက Python နဲ့လုပ်တာဖြစ်တဲ့အတွက်အောက်မှာတွေ့နေရမယ့် Java အတွက်တွေ GO အတွက်တွေပေးထားတဲ့ Package file တွေကိုမျက်နှာလွှဲလိုက်ရုံပါပဲ။

အဆင့် (၆) ဒီအဆင့်မှာတော့ ပရိုဆီဇစ်ဖိုင်လ်လေးကိုဒေါင်းလုပ်ချပါ။ပြီးရင်တော့ဒက်စတော့ပေါ်မှာပဲဖြစ်ဖြစ် ကြိုက်တဲ့နာမည်ပေးပြီး
ဖိုလ်ဒါတစ်ခုဆောက်ပါ။ဆောက်ထားတဲ့ဖိုလ်ဒါအသစ်ထဲမှာဒေါင်းလုပ်ချထားတဲ့ဇစ်ဖိုင်လ်ကိုဖြည်လိုက်ပါ။ တကယ်လို့များဖြည်ချထားပြီးတဲ့ ဇစ်ဖိုင်လ်ထဲမှာပါတဲ့ ဖိုင်လ်တွေကဘာတွေလဲဆိုတာသိချင်ရင်တော့ Notepad နဲ့သာဖွင့်ကြည့်ရုံပါပဲ။ အထဲမှာပါတဲ့ဖိုင်လ်တွေကတော့ HTML,Python အစရှိတဲ့ဘာသာတွေနဲ့ရေးထားတဲ့ txt files တွေပဲဖြစ်ပါတယ်။ လိုအပ်လို့ပြင်ချင်ရင်တော့ Notepad နဲ့သာဖွင့်ပြီးပြင်ရုံပါပဲ။

အဆင့် (၇) ဒက်စတော့ပေါ်မှာရှိနေပြီဖြစ်တဲ့ Google App Engine Launcher ဆိုတဲ့အိုင်ကွန်လေးကိုဖွင့်ပြီး
Click File –> Add Existing Application ကိုသွားလိုက်ရင်သူ့ရဲ့သက်ဆိုင်ရာ popup window လေးတက်လာပါမယ်။ Browse ဆိုတာလေးကိုနှိတ်ပြီး အဆင့် (၆) မှာသင်အသစ်ဆောက်ခဲ့တဲ့ဖိုလ်ဒါ
နေရာလေးကိုရွေးချယ်ထားပေးလိုက်ရမှာဖြစ်ပါတယ်။

အဆင့် (၈) Notepad ကိုဖွင့်လိုက်ပါ။ File--Open ကနေပြီးအဆင့် (၆)မှာသင်ဆောက်ထားတဲ့ဖိုလ်ဒါထဲမှာဖြည်ချထားတဲ့ဇစ်ဖိုင်လ်ထဲမှာပါတဲ့ app.yaml ဆိုတဲ့ဖိုင်လ်ကိုဖွင့်လိုက်ပါ။
ပြီးရင်တော့ပွင့်လာမယ့်အထဲမှာတွေ့ရမယ့် Application: YOUR_APP_ID ဆိုတဲ့နေရာမှာ Application: သင်အဆင့် (၃) မှာသတ်မှတ်ခဲ့တဲ့ Subdomain သိုမဟုတ် သင့်ရဲ့ App ID ကိုထည့်ပေးပြီး Save လုပ်လိုက်ပါ။

အဆင့် (၉) ဒီအဆင့်မှာတော့ သင်ဖွင့်ထားတဲ့ Google App Engine Launcher က menu tool မှာ Edit--> Preferences ကိုသွားလိုက်ပါ။ ပြီးရင်တော့သင့်ရဲ့ကိုယ်ပိုင်ဒိုမိန်းလိတ်စာနဲ့ အသုံးပြုထားတဲ့အီးမေးလ်လိတ်စာဖြစ်ဖြစ်၊ ဂျီမေးလ်လိတ်စာဖြစ်ဖြစ်ထည့်ပေးလိုက်ပါ။ သေချာပေါက်ထည့်ပေးရမယ့်လိတ်စာကတော့ ဒီပရိုဆီဆာဗာကိုစဆောက်ဖို့ဝင်ခဲ့တဲ့ လိတ်စာနဲ့ပတ်စ်ဝေါ့ပဲဖြစ်ရပါမယ်။ပြီးရင်တော့ Deploy tab လေးကိုနှိတ်လိုက်ပါ။ ဒါဆိုရင်တော့လက်ရှိသင်တည်ဆောက်လိုက်တဲ့ subdomain or App ID နဲ့ဂူဂယ်လ်ကအသင့်ပေးထားတဲ့ဒိုမိန်းလိတ်စာနဲ့အတူတူပရိုဆီလိတ်စာတစ်ခုရလာပါပြီ...စမ်းကြည့်ရုံပါပဲ။

မှတ်ချက်။ ။ အထက်မှာအင်စတောလုပ်ရမယ့်နှစ်ခုကတစ်ခုသို့မဟုတ်တစ်ခုမှာ အင်စတောလုပ်တဲ့အခါတက်လာမယ့် ဝင်းဒိုးရဲ့အောက်ဆုံးမှာ error တွေ့ပါလိမ့်မယ်။ စိတ်မပူပါနဲ့။သူကဝင်းဒိုးကိုပိတ်လို့ရပြီပြောထားပါလိမ့်မယ်။ ပိတ်ပေးရုံပါပဲ။ error ပြရခြင်းအကြောင်းက ထွက်ပြီးသား Application တစ်ခုကိုစစခြင်းမှာသူကအလိုအလျောက်မတွေ့နိုင်ပါဘူး။ဒါကြောင့်လဲအဆင့် (၇) မှာအဲဒါကို Add ပေးခဲ့ရတာပါ။


အခုကတော့အထက်မှာ တည်ဆောက်ထားတဲ့ဆာဗာက ဂူဂယ်လ်ကပေးထားတဲ့ ဒိုမိန်းဖြစ်တဲ့ appspot.com နဲ့ပဲဖြစ်နေသေးတာကို..ကိုယ်ပိုင်ဒိုမိန်းနဲ့ဖြစ်အောင်လုပ်ပါမယ်။

မိမိရဲ့ကိုယ်ပိုင်ဒိုမိန်းရဲ့အက်ဒမင်ကွန်ထရိုးပန်နယ်ထဲမှာ သို့မဟုတ် Administration ကဏ္ဍထဲမှာ Application Settings ကိုဝင်လိုက်ပြီး Add Domain tab ကိုကလစ်ပြီး မိမိရဲ့ဒိုမိန်းကိုထည့်ပေးပြီးအောက်ကကပ်ရပ် Add Domain ကိုနှိတ်လိုက်ရုံပါပဲ။ အဲအခါကြရင်တော့သင့်ကို ဂူဂယ်လ်ကသင်ထည့်လိုက်တဲ့ ဒိုမိန်းကသင်ပိုင်သလားဆိုတာကို တစ်ခုခုနဲ့ verify လုပ်ခိုင်းပါလိမ့်မယ်။ ကိုယ်ပိုင်ဒိုမိန်းတောင်ရှိနေတဲ့ သူတစ်ယောက်အနေနဲ့ ထပ်ပြီးအထွေအထူး ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။ ဒိနေရာမှာတစ်ခုရှိတာက သင့်ရဲ့ဒိုမိန်းဝယ်ထားတဲ့နေရာ...ဥပမာ Godaddy ဆို godaddy မှာသွားပြီး CNAME record အသစ်တစ်ခုကို သင့်ရဲ့အခုတည်ဆောက်လိုက်တဲ့ sub domain နာမည်နဲ့ဆောက်ပေးရပါမယ်။ Host မှာတော့ထုံးစံအတိုင်း ghs.google.com ပါပဲ။ တစ်နာရီလောက်ကြာရင်တော့ သင့်ရဲ့အထက်ကအဆင့် ၃ မှာသင်ရွေးပေးခဲ့တဲ့ဆပ်ဘ်ဒိုမိန်းသို့မဟုတ်ယခုသင်တည်ဆောက်နေတဲ့ပရိုဆီဆာဗာရဲ့ App ID နဲ့သင့်ရဲ့ကိုယ်ပိုင်ဒိုမိန်းနာမည်နဲ့ ပရိုဆီဆာဗာတစ်ခု အင်တာနက်ပေါ်မှာအလုပ်လုပ်နေပြီဖြစ်ပါတယ်။


မသိသေးသူများအတွက်သာရည်ရွယ်ပြီးယခုပို့စ်ကို ရေးသားခြင်းဖြစ်ပါတယ်။
ဒီနေရာကပို့စ်ကိုအဆင်ပြေသလိုလက်တွေ့နဲ့ယှဉ်ပြီး ကိုးကားဖြည့်စွက်ပြင်ဆင်ပြီး ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ်။

အချိန်ရှားပါးမှုကြောင့်  ဓါတ်ပုံတွေနဲ့တကွ  မဖေါ်ပြဖြစ်တာစိတ်မကောင်းပါဘူး။
ဓါတ်ပုံတွေကြည့်ချင်ရင်တော့မူရင်းပို့စ်ရှိတဲ့  ဆိုက်ကိုသွားကြည့်လိုက်စေချင်ပါတယ်။
ယခုပို့စ်ထဲမှာ  High Light ဖြစ်နေတဲ့စာသားတွေအကုန်လုံးက Links တွေချည့်ပါပဲ။
နအဖစစ်အာဏာရူးတွေကျဆုံးပါစေ။

ွှThanks to Mr Amit Agarwal for this post.

0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။