ကြည့်စေချင်တဲ့နောက်ကြည့်မှန်တစ်ချပ်
27 September 2010 Labels: Links, politic 0 commentsကျည်ကွယ်မျက်ကွယ်ဖြစ်တဲ့ နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ ရှိနေတဲ့သူတွေ အနေနဲ့ပြည်တွင်းက လူတွေကိုလှည့်ကြည့်ဖို့ နောက်ကြည့်မှန်လေးတစ်ချပ်ဖြစ်တဲ့ ညီမလေးဝေနှင်းပွင့်သုံရဲ့ ဒီနေ့ ၂၇.၉.၂၀၁၀ မှာယူကေကလေဘာပါတီ ကွန်ဖရင့်စ်မှာပြောနေတဲ့ မိန့်ခွန်းပြောဟန်နဲ့စကားရပ်တွေကို ကြည့်နားထောင်ပြီး လူကိုယ်တိုင်မပါဝင်နိုင်ရင်တောင်မှ သီရိလကာင်္ကတမီကျားတွေရဲ့ နိုင်ငံတကာရောက်တမီလူမျိုးတွေကိုအတုယူပြီး တစ်ယောက်ကိုတစ်လငါးဒေါ်လာပဲထည့်နိုင်ကျမယ် ဆိုရင်တောင်အတော်လေးတာသွားမှာပါ။ ဖေ့စ်ဘုတ်ကသူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေအနေနဲ့ ဒီ ဗီဒီယို လေးကိုကြည့်ဖြစ်အောင်ကြည့်ပြီး တစ်ခုခုကိုအကောင်အထည်ဖော်နိုင်ကြမယ်ဆိုရင် စစ်အာဏာာရှင်တွေဆက်ပြီးသောင်းကျန်းဖို့ဆိုတာ အချိန်သိတ်မရနိုင်တော့ပါဘူး။
ဗီဒီယိုကတော့ကျွန်တော့်အနေနဲ့ဖေ့စ်ဘုတ်မှာတွေ့လို့ပြန် Share တာဖြစ်တဲ့အတွက်ဖေ့စ်ဘုတ်မှာပဲတင်ထားဖြစ်ပါတယ်။
ဘလော့မှာတင်ဖို့က Flash video တွေကို အရင်ဒေါင်းလုပ်ချဖို့ဆော့ဖ်ဝဲကအဆင်သင့်မရှိလို့ မတင်ပေးနိုင်တာစိတ်မကောင်းပါဘူး။
ဒီနေ့ ၂၈.၉.၂၀၁၀ကိုမိုးသီးဇွန်ဘလော့မှာ
ဗီဒီယိုတင်ထားတာတွေ့လို့ embed လုပ်ပြီးဒီမှာလဲထပ်တင်လိုက်ပါတယ်။ကျေးဇူးပါကိုမိုးသီးဇွန်ခင်ဗျား။


Post a Comment