ဗုံးခွဲသူတွေကိုရှုံ့ချ
15 April 2010 Labels: တင်ပြချက်, ကြေငြာမောင်းကြေးနင်း 0 commentsဒီနေ့ X2O မဏ္ဍပ်တဝိုက်မှာ ဗုံးသုံးလုံးကွဲလို့ လူအနဲဆုံး ၂၄ ယောက်နဲ့ အယောက် ငါးဆယ်
အနဲဆုံး ဒဏ်ရာတွေရသွားတယ်လို့ ပြည်တွင်းမှလာတဲ့ သတင်းတွေကရော Reuter သတင်း
တွေမှာပါ တက်လာတာကို စိတ်မချမ်းသာစွာ ဖတ်လိုက်ရပါတယ်။ ဒီဗုံးခွဲတဲ့သူ ဘယ်သူဖြစ်
ဖြစ်ပြင်းထန်စွာရှုံ့ချ ပါတယ်။ လူတွေဟာ ဘယ်သူကမှ လွတ်မြောက်နေကျတာမဟုတ်ပါဘူး။
ကြံဖန်ပြီး စိတ်ကျဉ်းကျပ်မှု တွေကိုဖြေဖျောက်နေ ကြရတာပါ.... ဒီအတွက် ဒီလိုသင်္ကြန်ကာ
လလေး တစ်ခုမှာပဲ အတတ်နိုင်ဆုံး အစွမ်းကုန် ဖြေလျှော့နေ ကြရပါတယ်.... ဗုံးခွဲသူတွေကို
ပြင်းပြင်း ထန်ထန် ရှုံ့ချလိုက်ပါတယ်။

Post a Comment