လူပျိုပေါက်နိုင်ငံခြားသား
22 February 2010 Labels: poem, ကဗျာ 0 commentsနှစ်ပတ်လည်ခဲ့ ၊ဒီနေ့ရက်မှာ
အံဖွယ်သဒ္ဒါ ၊ ၅၀ တန်ဟာ
အီးမေးလ်အစစ် ၊ ကွက်တိဖြစ်လို့
ဝဍ်နာ၊ကံနာ ၊ဆိုးလှတာကို
ဖတ်ရသိရ ၊ မောလျလာတော့
ရှိတာခွဲလှူ၊ မြတ်အယူနဲ့
Paypal သမာဓိ ၊ တန်ဖိုးရှိလှပါတကား...
သြော်....ဝေဒနာသည်တွေသက်သာကြပါစေသား။
ရေးသားချိန် ::: 22:12pm (ဒိန်းမတ်)
နေ့စွဲ :::::: ၂၂.၀၂.၂၀၁၀
ဒီနေ့မှာလှူဖြစ်လိုက်တဲ့အလှူအတွက်ဘလော့ကိုလာကြတဲ့မိတ်ဆွေအပေါင်းလဲ
မုဒိတာပွားသာဓုခေါ်နိုင်ကြဖို့ဖော်ပြလိုက်ရပါတယ်။ကျွန်တော်လုပ်ခဲ့တဲ့အလှူသေးသေး
လေးတွေများလှပါပြီ။ဒါပေမယ့်ဒီတစ်ခါတော့ကဗျာလေးပါစပ်မိလို့ဘလော့မှာပါတင်ဖြစ်
သွားပါတယ်....မိတ်ဆွေတို့လည်းဆန္ဒရှိလို့လှူချင်ရင်http://leprosyhelp.org/index.php မှာသွားရောက်လေ့လာလှူဒန်းနိုင်ကြပါတယ်။
ဤအလှူတော်မင်္ဂလာအကျိုးအားကြောင့်အနာကြီးရောဂါ
ဝေဒနာရှင်တွေသက်သာနိုင်ကြပါစေလို့.....


Post a Comment