၂၀၀၉ မော်ကွန်း
20 October 2009 Labels: ကဗျာ 0 commentsလက်ညိုးတွေထိုး
အမျိုးတွေပါယိုးလို့
လုပ်နေတဲ့လက်ကမရှိသလောက်ရှား
စကားတွေသာများနေတဲ့အပြင်
တစ်ယောက်ကပြောရင်
နောက်တစ်ယောက်ကဒီလိုဆိုးလို့
သခင်မျိုးဟေ့ဒို့မပါ
အရေးတော်ပုံကြာရမည်တဲ့.....
*ခွပ်ဒေါင်းအားမာန်*
သန်းရွှေဗိုလ်ချုပ်
အာဏာရူးလုပ်လို့
ငါတို့လူမျိုး
နိမ့်ကျနေတာ
နိုင်ငံတကာမှာ...
တေဇသူဌေး
ဂုတ်သွေးစုပ်လို့
နိုင်ငံ့ထုတ်ကုန်
အားလုံးပုံပြီး
ဖင်ခုတတ်ထိုင်
စေရာလက်ညိုး
ထိုးရုံလေးနဲ့
အိုကေနေတာ...
ဖယ်ရာရီဆို latest မျိုးမှ
သူ့ရဲ့သားက
တစ်စီးတစ်ပတ်
ဖြုံးနိုင်ရက်တော့
ငါတို့ပြည်သူ
ဘယ်မလှူနိုင်
သံဃာတွေပါ
သက်တော်စတေးလို့
မင်းတို့ငါတို့
ဒီအတိုင်းထိုင်ကြည့်နေရမှာလား...
နိုင်ငံအပေါ်
မင်းမြင်သမျှ
ကျေနပ်နိုင်မယ်
ငါမထင်ဘူး..
ဒီတော့သည်းခံ
မတော်လှန်ပဲ
နုတ်ဆိပ်ရေငုံ
မင်းနေနေလို့
သင့်တော်ပါ့မလား..သူငယ်ချင်း...
ခွပ်ဒေါင်းမှန်ရင်
ငြိမ်မခံပဲ
ငါတို့ဘယ်ညာ
တူညီစွာဖြင့်
အင်အားဖြာပြီး
အရောက်ပန်းတိုင်
လှမ်းနိုင်ရမယ်...သူငယ်ချင်း။
ဒုတိယကဗျာတစ်ပုဒ်ကလွန်ခဲ့တဲ့နှစ် ၂၀၀၇ မှာစပ်ခဲ့တာပါ။
ဘလော့မှာမတင်ဖြစ်သေးလို့ပြန်တင်လိုက်ဖြစ်ပါတယ်။


Post a Comment