22 February 2009

Disable User Account Control (UAC) the Easy Way on Windows Vista

ဒီနေ့တော့ XP ကနေ Vista ပြောင်းသုံးပြီဆိုတော့ကြုံတွေ့ရတာလေးတွေကို
ပြန်ဖောက်သည်ချရင်းမှတ်တမ်းလေးတင်တဲ့အနေနဲ့ပို့စ်တစ်ခုလဲဖြစ်အောင်ရေးမယ်ဆိုပြီး
အိပ်ခါနီးမှရေးချလိုက်ပါတယ်။ Vista သမားတွေကြုံနေရတဲ့ကိစ္စလေးတစ်ခုကကျွန်တော်လဲ
တော်တော်ငြစ်သွားတယ်...အမှန်ကတော့ microsoft ကစေတနာနဲ့လုပ်ပေးထားတာပါ။
ခက်တာကကျွန်တော့်အတွက်ပြသနာဖြစ်နေတာနဲ့ကလိတော့တွေ့ပါပြီ...ပြသနာကတော့ User account control
ပြသနာပါပဲ...ဘာပဲလုပ်လုပ်အဲဒါကြီးကို allow အရင်ပေးပေးနေရတာစိတ်ရှုပ်စရာပါ...

တစ်ခုတော့ရှိပါတယ်..အဲဒါကကောင်းတော့လဲကောင်းပါတယ်..
ရှိတော့အလုပ်လေးနဲနဲပိုရှုပ်ပေမယ့် more secure
ဖြစ်ပါတယ်....ဒါပေမယ့်ကျွန်တော့်အတွက်ကတော့မလိုချင်တော့အင်တာနက်ပေါ်မှာ
လိုက်ရှာရတော့တာပါပဲ..
ပထမဦးဆုံး Ctrl+r နှိတ်ပြီးပေါ်လာတဲ့ Run box မှာ Control လို့ရေးပီး enter ခေါက်...
ပေါ်လာတဲ့ Contrl panel ထဲမှာ User Accounts ကိုကလစ်ပြီး Turn User Account Control On or Off
ကိုဝင်လိုက်ပြီးပေါ်လာတဲ့ screen မှာ Use User Account Control (UAC)to help protect your computer ဆိုတဲ့စာကြောင်းလေးရှေ့ Check box မှာအမှန်ခြစ်လေးဖြုတ်ပေးလိုက်ရင် Restart တောင်းပါလိမ့်မယ်..
restart မလုပ်ခင်တော့လုပ်စရာရှိတာတွေအရင်လုပ်ထားဖို့လိုပါတယ်..

တစ်ဆက်ထဲမှာပဲကွန်ပျုတာအသစ်ဝယ်တော့မယ်ဆိုရင်လိုအပ်တဲ့၊သိသင့်သိထိုက်တာလေး
တွေကိုကွန်ပျုတာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Nawarat Computer မှ
Managing Director ဦးရဲထွန်းဝင်း
ပြုစုထားတဲ့ PDF ဖိုင်လ်လေးတစ်ဖိုင်လ်ကိုလဲပြန်လည်မျှဝေလိုက်ပါတယ်..Click here
to download it


အထက်ပါပို့စ်လေးကိုတော့ဒီနေရာမှဖတ်ရှုလေ့လာလက်တွေ့အသုံးချပြီးပြန်မျှဝေပါတယ်။

Similar Articles:

0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။