15 September 2008

ဒေါ်စုလုပ်ရပ်နဲ့ ပြည်တွင်းရေး အနာဂတ်

ဒေါ်စု လက်ရှိ လုပ်လိုက်တာကို ထောက်ခံတယ်။ ဂမ်ဘာရီကို လက်မခံတာ ဘာညာပေါ့။ လက်ရှိတော့ သူမရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်တယ်ဗျာ။ အခုက မမျှော်လင့်ဘဲ ပြောရတာဆို ကြိုတင်ပြင်ဆင်မှုတွေ ဘာမှ ရှိမထားဘူး။ အတိုက်အခံ ခေါင်းဆောင်တွေအနေနဲ့ သမိုင်းကို ပြန်ဆန်းစစ်ပြီး အားပျော့နေတာတွေကို ပြင်ဆင်သင့်တယ်။ တခုခုတော့ ပြောင်းလဲသင့်နေပြီ။ ဦးဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ အဖွဲ့အစည်း ရှိလာရင် အဖွဲ့ငယ်လေးတွေ အသီးသီးက ပူးပေါင်းလာမှာပဲ။
ပီးခဲ့တဲ့ စက်တင်ဘာ တော်လှန်ရေးမှာ ကျနော်တို့အဖွဲ့နဲ့အတူတူ ဒိန်းမတ်မှာ ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံး လာပူးပေါင်းပြီး ပါလီမန်ရှေ့မှာ ဆန္ဒပြခဲ့ကြတယ်။ နောက်ပိုင်းလဲ ပူးပေါင်းဖို့ သူတို့အားလုံးလိုလိုက အသင့်ရှိနေကြတယ်။ ဒါက ဒိန်းမတ်အခြေအနေပါ။ အတိအကျ ပြောရရင် ဦးဆောင်မှု ကောင်းကောင်းပေးနိုင်မယ့် အဖွဲ့အစည်းကို လိုအပ်တယ်။ အဓိကက စည်းလုံးမှုပါပဲ။ .အဓိကကစည်းလုံးမှုပါပဲ..ကျွန်တော်တို့ မြန်မာတွေ မစည်းလုံးကြတာ အစဉ်အလာပဲ။ မစည်းလုံးလို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးပဲ။ ဖြည့်ချင်တာကတော့ နိုင်ငံရေးနဲ့ပတ်သတ်ပြီး ပညာရှင်တွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ဘေးထွက်ထိုင်မနေကြပဲနဲ့ ပူးပေါင်းပါဝင်ကြစေချင်တာပါပဲ။ တစ်ချို့တွေက ကျနော့်ကို ပြောတာတွေရှိတယ်။ နိုင်ငံရေးသမားတွေ လူသတ်နေကြလို့ အေးဆေးပဲနေပါရစေတဲ့။ အဲဒီလိုနေလေ လူတွေ ဒုက္ခရောက် နေကြလေ ဖြစ်နေမှာပါပဲ။ အဆင်ပြေနေတဲ့သူတွေက ကိုယ့်ကိုထိလာမှဝင်ပါတာမျိုးထက်ကို အများစုအတွက် လုပ်ကြစေချင်ပါတယ်။ တစ်ဆက်တည်း မှာပဲ အားလုံးစုပေါင်းဝိုင်းလုပ်ကြရမှာဆိုတော့ အဓိကပွိုင့်တစ်ခုကိုပဲဦးတည်ပြီး ဘယ်သူလုပ်လုပ်အဆင်ပြေမယ်ဆိုရင် ကိုယ့်အိုင်ဒီယာ၊ သူ့အိုင်ဒီယာ ခွဲခြားမနေပဲနဲ့ နောက်က လိုက်ရလဲလိုက်ရပါလေ့စေဆိုတဲ့ စိတ်ထားမျိုးကိုထားနိုင်ကြစေချင်ပါတယ်။ လူဆိုတာကတော့အားလုံးနီးပါးက ဘယ်သူမှ နောက်လိုက်မလုပ်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် အဓိကက တိုင်းပြည်အတွက်ပဲဆိုတော့ အလျှော့ပေးသင့်တာတွေပေးပြီး တစ်ခုခုဆိုရင် အသေဆုတ်မကိုင်ထားကြစေချင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက အားလုံးသိထားတဲ့အတိုင်းပဲ သူဟာ တစ်ချိန်က ကွန်မြူနစ်ပါ။ ဒါပေမယ့် ဒီစနစ်ထက် ပိုကောင်းတာကိုသိလာတွေ့လာတဲ့အချိန်မှာ သူဟာ အဲဒါကို အသေမဆုပ်ကိုင်ထားပဲလွှတ်ချခဲ့ပါတယ်။ ဒါဟာ အတုယူစရာ သိပ်ကောင်းတဲ့ ဗိုလ်ချုပ်ရဲ့အချက်တွေထဲက တစ်ချက်ပါ။ လူတွေ၊ အဖွဲ့အစည်းတွေညှိလို့မရကြတာ အဲဒီလိုအသေဆုတ်ကိုင်ထားကြတာတွေကြောင့်လို့ကျွန်တော်မြင်ပါတယ်... အဓိကက အဖွဲ့အစည်း ပေါင်းစုံ စည်းလုံးဖို့နဲ့ လူငယ်တွေကို နေရာပေးဖို့လိုအပ်ပါတယ်။ အားလုံးဟာ မိမိတို့ကိုယ်ပိုင်အခွင့်အရေးတွေအတွက် အသီးသီးကတိုက်နေကြတာချည့်ပါပဲ။ ဒါကိုမှညှိလို့မရတာကတော့နဲနဲအဆင်မပြေပါဘူး...
လိုတိုးပိုလျှော့လေးတွေအတတ်နိုင်ဆုံးလုပ်ကြစေချင်ပါတယ်။
တေဇာတေ (ခ)ကိုတေ (မြန်မာပြည် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုအဖွဲ့-ဒိန်းမတ်)


မှတ်ချက်။ ။ဟစ်တိုင်တွင်တစ်ချိန်ထဲတွင်ဖော်ပြပြီးဖြစ်ပါသည်။

ဘာရယ်တော့မဟုတ်ပါဘူးဗျာ...
နိုင်ငံနဲ့ပတ်သတ်ပြီးခံစားမှုနဲ့
အမြင်လေးနဲနဲကိုဟစ်တိုင်မှာပြောဖြစ်ခဲ့တာပါ။

0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။