05 September 2008

တဘောင်

ကျွန်တော့်ကိုစာပေဗဟုသုတနဲ့ပြည့်စုံတဲ့ညီငယ်လေးတစ်ဦးက
ပေးလာတဲ့ယောအတွင်းဝန်ဦးဖိုးလှိုင်နဲ့အယူတော်မင်္ဂလာဦးနိုးရဲ့တဘောင်နှစ်ခုကို
ဘလော့လာစာဖတ်သူတွေထဲကကျွန်တော့်လိုမဖတ်ရသေးတဲ့သူတွေ
ဖတ်နိုင်အောင်တင်ပြလိုက်ပါတယ်။ညီငယ်လေးရဲဝင့်ကိုလည်း
ဒီလိုမျှဝေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
( ၁၂၆၅ ) ယောအတွင်းဝန်ဦးဖိုးလှိုင်


သာသနာတစ်ဝက်ခရီးမှာဖြင့် ကနက်ထီးတွေနဲ့၊

ပျက်စီးမဲ့အရေးကြုံ ၊ ရွှေပေးလို့မယ်မယုံ ငွေပေးလို့မယ်မယုံ ၊

နယ်အကုန်ပျက်မဲ့အရေး ၊ အသိဥာဏ်နဲ့တွေး ၊

တံတားတွေအတွင်တွင်ဆောက်ပါလို့ ၊ ဘုရားတွေရင်မှာမောက်ရင်ဖြင့်၊

တခြားပြည်ဝင်ကာနှောင်ပါလိမ့် ၊
ပြည်တော်ပြန်စုထွေး နန်းအပ်မှအေး..။

တန်ခူးကဆုန်ဆန်းရင်ဖြင့် ၊
ပျိုနုဂျမ်းရယ်တဲ့ဟန်တော့မယ် ။
အသွယ်သွယ်နယ်နှိုက်ဆော်သြ ၊ ထုံးအိုးတွေရေမှာမျှောရင်ဖြင့်

မင်းတောက်လျှောက်လျှော......။


အယူတော်မင်္ဂလာဦးနိုး


သူလာမှပြည်သာမည် ၊

တစ်ပင်စံ ခ၀ါချပြီမို့ သစ်သီးတွေကြွေ ၊

သစ်သီးတွေရာသီပြောင်းပြီမို့

သာသနာမောင်းရှေ့ကဆော် ၊

ဒေါင်းတွေကအော် ၊

ဒေါင်းအော်လျှင် သူမနေသာပါလိမ့် ၊
ခြင်္သေ့မင်းကတန်ခိုးကြွယ် ၊တိုးလို့သာပျက်ဦး။....

ဂူအောင်းတဲ့ ခင်ကြီးပျော်ရယ်

သမီးတော်လွှတ်လိုက်ပါအုန်း....။
ဇာနည်ကြက်မသူတွန်လျှင် ၊ ဇမ်ဗူတခွင်လင်းလို့မဆုံး....

0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။