08 June 2008

အားလုံးပဲဟောင်းနွမ်းလွန်းလို့(နှစ်နှစ်ဆယ်)


( မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး အထွေထွေဆိုးတွေကိုကျော်လွန်ရန်အတွက်အဓိကကျသော
ပြန်လည်ပြင်ဆင်ရန်အချက်တစ်ချို့ )

ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ အားလုံးစည်းလုံးမှုရှိဖို့ အတွက်အချိတ်အဆက်တွေလုပ်ဖို့ ၊ ရှိဖို့ လိုပါတယ်။
ဒီအတွက်ကျွန်တော်တို့ အနေနဲ့ ညီနောင်တွေအားလုံးကိုလိုအပ်နေပါတယ်။ပြီးတော့ညီနောင်တို့ အားလုံးအနေ
နဲ့ လဲနိုင်ငံအတွက်ကိုပဲအဓိကဦးတည်ပြီးတော့မိမိတို့ အားလုံးရဲ့ ကိုယ်စီ၊ကိုယ်စီအသီးသီးမှာရှိနေကျတဲ့မလိုလား
အပ်တဲ့မာန...တနည်းအားဖြင့်ဥပမာအနေနဲ့ ကိစ္စရပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်ကိုယ်လုပ်တာထက်သူလုပ်
တာကပိုမြန်ဆန်သွက်လက်ပြီးကောင်းမွန်မယ်ဆိုရင်ကိုယ့်အနေနဲ့ မာနမထားပဲနောက်ဆုတ်ပေးဖို့ လိုအပ်ပါ
တယ်။အဓိကပွိုင့်ကအဲဒီကိစ္စပြီးရင်ကိုယ်နောက်ဆုတ်ပေးလိုက်ရတဲ့လူပဲလုပ်လုပ်၊ကိုယ်ကိုယ်တိုင်ပဲလုပ်လုပ်
နှစ်ယောက်လုံးအဆင်ပြေရင်ပြီးတာပဲဆိုတဲ့အချက်ကိုဦးစားပေးသင့်ပါတယ်လို့ ကျွန်တော်ယူဆပါတယ်။
ကျွန်တော်တို့ အားလုံးဟာသာမာန်လူသားတွေပါ...ဗမာပြည်ကလက်ရှိဗိုလ်ချုပ်ဆိုတဲ့အာဏာရူးလူယုတ်မာ
တွေလဲသာမာန်ပဲလောကီထဲမှာကျင်လည်နေကျတဲ့လူတွေပါ...အားလုံးဟာတစ်နေ့ ကျရင်မြေကြီးထဲရောက်
မှာပါ။


မြန်မာနိုင်ငံရဲ့ စစ်အစိုးရကိုဖြုတ်ချပြီး အရပ်သားအစိုးရကို ပြောင်းလဲစေချင်တာကတော့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သော အလွာပေါင်းစုံမှတိုင်းရင်းသားပြည်သူတို့၏စိတ်ထဲတွင်အသေအချာတော့ရှိနေသည်ဖြစ်ပါသည်။ သို့သော် ဖြုတ်ချလိုက်ခြင်းအား ဦးတည်ဆောင်ရွက်ခြင်းကိုတစိုက်မတ်မတ်လုပ်ဆောင်ခြင်းကိုလိုအပ်သလို ဖြုတ်ချပြီး ထိုနေရာတွင်အစားထိုးဆောက်ရွက်ရမည့်ကိစ္စအ၀၀တို့ကိုပြင်ဆင် ထားခြင်းလဲလိုအပ်ပါတယ်။ ထိုသို့ သောအခြေအနေတွင်အကောင်းဆုံးလုပ်ဆောင်နိုင်သော သူတွေလည်းအင် နဲ့အားနဲ့စစ်အာဏာရှင်များအားမှန်ကန်စွာဆန့်ကျင်နိုင်ရန်တစ်ဦးကိုတစ်ဦးလေးစားသမှုနဲ့အားလုံးစုပေါင်းပြီး
ဗျူဟာတစ်ခုကိုသေသေချာချာ
ချမှတ်အကောင်အထည်ဖော်နိုင်ရန်အသီးသီးမှအမှန်တကယ်လိုလားလျှင်မူအလျှော့ပေးသင့်တာကိုပေး၍ ဆန့်ကျင်သော ဘက်တွင် မရပ်တည်နေကြသေးပါ၊ ထိုထက်ပို၍မည်သည့်အတွေ့အကြုံမျှလည်းမရှိကြသေးပါ။ ထို့အတွက် အဆင်သင့် ဖြစ်ရန်ရှင်းရှင်းပြောရလျှင် ခေါင်းဆောင်နိုင်သော အရည်အသွေးရှိသူများ သဘောတူ၊ဆန္ဒတူ မဖြစ်ရင်တော့ တိုင်းပြည်ကို ပြန်လည်တိုးတက်တည်ငြိမ်အောင်လုပ်ဆောင်လိုခြင်းဟူသော မူတစ်ခုနဲ့ပေါင်းစည်း လို နိုင်ခြင်း လုံဝမရှိလောက်အောင်ကိုနည်းပါးနေသေး သည်ကိုတွေ့ရပါသည်။ ဒီတော့ကျွန်တော်တို့ အားလုံးဟာဒီအချက်ကိုသိထားတဲ့အပေါ်မှာသိသလိုပဲပြန်လည်ပြင်ဆင်ဖို့လိုအပ်နေပါသည်။ဒီဗိုလ်ချုပ်တွေရဲ့ ကမ်းကုန်အောင်ယုတ်မာမှုတွေကိုဖြိုဖျက်ဖို့ အတွက်ကျွန်တော်တို့အားလုံးအစစအရာရာမိမိတို့ရဲ့အားနည်းချက်ကြီးဖြစ်တဲ့ဆရာကြီးအထာတွေ
ကိုသတိရှိရှိနဲ့ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေပါကပြင်ဆင်ကြမှဖြစ်ပါမည်။ဒါမှလဲနအဖရဲ့ အနှိင်ကျင့်၊ယုတ်မာမှု လက်တစ်လုံးခြား ကောင်းကောင်းလုပ်ဆောင်နိုင်နေတာတွေကိုသေသေချာချာဖြိုခွင်းနိုင်မှာဖြစ်ပါသည်။ညီအကို၊မောင်နှမတွေအားလုံးအနေနဲ့ ကိုယ်စီကိုယ်၌မှာ ရှိသော၊ အရည်အချင်းအပေါ်မှာမာန်တွေကိုလျော့ချပြီး အထက်ကဆိုခဲ့သလိုပဲအဓိကပွိုင့်ဖြစ်တဲ့ကောင်းမွန်သောမဟာဗျူဟာနဲ့ ရည်မှန်းချက်ကိုဦးတည်ကာသွားကြစေချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိနေကျတဲ့ပြည်တွင်း၊ပြည်ပအဖွဲ့ အစည်းအားလုံးကသူတွေအားလုံးကို ကို ဒီစာ ပို့ စ်လေးနဲ့ မေတ္တာရပ်ခံပါတယ်၊ အားလုံးသော မြန်မာလူမျိုးကြီးငယ်မရွေး ကျွန်တော်တို့ ကအစကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ သာမာန်ဘာသာရပ်ချင်း ၊ အတွေးခေါ်မတူသော၊ မတူတဲ့ရိုးရိုးလူတွေပါပဲ... အဲဒါကိုမှမာန်တွေတတ်ပြီးဆွေးနွေးပွဲတစ်ခုလုပ်တာတောင်မှ လုပ်ငန်းအကောင်အထည်မဖေါ်နိုင်သော လမ်းစဉ်နဲ့  ကောင်းသော အဖြေတစ်ခုကိုတိတိကျကျရေရေရာရာမထွက်ပဲ အသံနဲ့ ဟန်သာရှိသော ဖြစ်သလိုနည်းဗျူဟာ တွေနဲ့ ဆက်လက်ပြီးချီတက်လုပ်ဆောင်နေကျမယ်ဆိုရင်ကျွန်တော်တို့ ကြိုးစားပြီးဖြိုဖျက်ဖြုတ်ချနေတဲ့  မြန်မာနိုင် ငံရဲ့ အာဏာကိုချုပ်ကိုင်ထားတဲ့လက်နက်အပြည့်အ၀နဲ့ အမိန့် နာခံမှုစည်းကမ်းအပြည့်ရှိတဲ့စစ် အစိုးရတစ်ရပ်ကိုဘယ်လိုလုပ်ပြီးအနိုင်တိုက်နိုင်မလည်းဗျာ။ ၁၉၈၈ ကနေစရည်တွက်မယ်ဆိုရင်အနှစ်နှစ်ဆယ်တင်းတင်းပြည့်သွားခဲ့ပါပြီ.. ကျွန်တော်တို့ အတိုက်အခံတွေဘက်က ဘာတွေကိုများ တိုးတတ်အောင်မြင်လာပါသလဲ.... လူအင်အား၊ စိတ်ဓါတ်အင်အား၊ တွေးခေါ်တိုးတက်သောအတွေးပညာ၊ အသိပညာ၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီကိုအခြေခံသောကျင့်သုံးနည်းတွေ၊ ကိုယ်တိုင်ကျင့်သုံးအောင်မြင်မှုရှိမရှိ၊ ဖြန့် ဝေသင်ကြားပေးမှုတွေရဲ့ ဇယားတွေ။ အုပ်ချုပ်ရေးပညာတွေ၊ အတွေးအခေါ်တူညီမှုနဲ့ နားလည်မှုတွေ၊အစအစသော အခြေအနေတွေက ပြည်တွင်း မှာကော၊ ပြည်ပမှာပါကောင်းမွန်သော အနိမ့်ဆုံးစံထားကိုမတွေ့ရပါ၊ ကြည့်ပါဗျာ၊ စာရွက်တွေပေါ်မှာရှိသော ဘာသာရပ်ဆိုင်ရာစာလုံးတွေအဖြစ် နဲ့ ရာသီသီးနှံအော်ချက်တွေကိုပဲမြင်ခဲ့ရတွေ့ ခဲ့ရနဲ့ ကျွန်တော်တို့ တနေ့နဲ့ တနေ့ကြီးပြင်းရှင်သန်နေ၊ဖြတ်သန်းလာခဲ့ကြရတာလို့  ပြောရင်တော်တော် ဆွေ့ဆွေ့ခုန်ကာ ဒေါပွကြမှာကတော့အသေအချာပါဘဲ။ ပြီးခဲ့တဲ့စက်တင်ဘာ ၂၀၀၇၊ သံဃာတော်တွေသွေးမြေကျခဲ့ရတဲ့ပွဲ၊ မှာ ပြည်ပအဖွဲ့ အစည်းတွေမှာ အမြန်ဆုံးချက်ခြင်း အကောင်ထည်ဖေါ်လှုပ်ရှားနိုင်ဖို့အတွက် ဘာအသင့်ဖြစ်ခဲ့ပါလဲ။ မဖြစ်တဲ့အပြင်၊ဘာမှလည်း မလုပ်ရဲကြခဲ့ပါဘူး၊ အားလုံး အငိုက်မိသွားခဲ့ပါတယ်...ဒီိတော့အထဲမှာ အပီအပြင်သွေးနဲ့ ဘ၀နဲ့ ရင်းနှီးပေးဆပ်နေရတဲ့သူတွေအနေနဲ့ပြောမယ်ဆိုပြောသင့် ပါတယ်။ ဒါပေမယ့်အဲလိုတွေအသံတွေထွက်လာတော့လဲ ပြည်ပမှာအမှန်တကယ်စိတ်ဓါတ်ပြင်းထန်ပြီးစွဲစွဲမြဲမြဲ လုပ်ကိုင် နေရတဲ့လူတွေကမခံစားနိုင်သလို၊ အခြေအနေပေါ်မှာမှုတည်ပြီး ပြန်လည်ဝင်ရောက်လာကြသောသူတွေကော၊ အသီးသီးသော အလွှာပေါင်းစုံမှသူတို့မှာလည်းတော်တော်လေး၊စိတ်အားပျက်ရပါတယ်။ ဒီလိုဖြစ်သွားအောင်ဖြစ်တာကို ဖန်တီးပေးသူတွေကဆရာတွေ ချည်းပဲဖြစ်နေတော့စည်းလုံးမှုကိုဆောက်တည်လို့ မရဖြစ်နေပြီးပရမ်းပတာဖြစ်နေတော့တာပါပဲ... ဒီတော့တကယ်အမှန်အကန်သမားတွေကဘေးထွက်ထိုင်တဲ့အထိအခြေအနေတွေဆိုးဝါးလာပါတယ်.. မင်းတို့လုပ်ချင်တာလုပ်တော့တကယ်ဖြစ်ပြီဆိုတော့မှငါတို့ပါလာတော့မယ်လို့ ဆိုလာသလို ၊ကိုယ်တို့ အမြဲကြည့်နေမယ်။ လုပ်ချင်သလို သာလုပ်ကြတော့ သူတို့ ကအရင်လုပ်နေသူတွေ၊သွားပြောရင် သူတို့ ထက်မတတ်လို့ ၊သူတို့ လိုအနစ်နာမခံတဲ့လူတွေဆိုပြီး ဟုန်နေသော အတွေးတွေ၊ အသားကျနေသောအတွေးတွေနဲ့ ပြန်ပြောကြတာဆိုပြီး အဆင်သင့်တော့ရှိနေမယ်..တော်ကီတွေနဲ့ ဆရာတွေကိုစိတ် ငြစ်တယ်ဆိုပြီးဖြစ်ကုန်ပါတယ်။ မည်သို့ပင်ဖြစ်စေ- တစ်ဦးတစ်တစ်ယောက်ထဲလုပ်လို့ မဖြစ်တဲ့အတွက်ဘာတွေပဲဖြစ်နေဖြစ်နေဘေးထွက်ထိုင်နေကြတဲ့အမှန်အကန်သမား၊ တတ်သိပညာရှင်တွေ ၊ ဆရာသမားတွေကိုလည်းမေတ္တာရပ်ခံပါတယ်။ခင်ဗျားတို့ အနေနဲ့ တိုင်းပြည်ကိုစေတနာရှိတာမှန်ကန်ရင်ဘာပဲ ဖြစ်ဖြစ်ဘေးမှာတော့ထွက်ထိုင်မနေကြပါနဲ့ ။ လက်ရှိဦးဆောင်နေတဲ့သူတွေအနေနဲ့လဲနောက်တတ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အင်အားတိုးလာ
တဲ့အပေါ်မှာကြိုဆိုကြစေချင်ပါတယ်. ထိပ်ကနေစည်းပိတ်တာတွေ၊ငါတို့ ကစီနီယာကျတယ်၊အတွေ့ အကြုံရှိတယ်၊ငါတို့ ပြောတာကိုပဲလက်ခံရမယ်ဆိုတဲ့၊ငါတို့ပြောတာငါတို့ လုပ်တာမတူရင် သဘောမကျရင်၊ သာသွားမှာထင်ရင် နံမည်ကိုဝိုင်းပြီးတံဆိပ်ကပ်ကြသော၊ တွန်းပုတ်ကြသောစကားလုံးတွေနဲ့ ဒီမိုအမည်ခံပြီး နအဖတစ်ပိုင်းအထာတွေ ကိုခင်ဗျားတို့ နိုင်ငံကိုတကယ်ချစ်တာမှန်ရင်၊တကယ်ကို ဒီမိုကရေစီကိုလက်ခံယုံကြည်သက်ဝင်ရင် ဖျောက်ဖျက်ကျင့်ဆောင်ကြပါ။ အားလုံးဟာစုစည်းညီညွှတ်မှုရှိမှစစ်တပ်အာဏာရှင်အစိုးရကိုဖြိုချဖို့ ဖြစ်နိုင်မှာပါ။ ခင်ဗျားတို့ ကိုဒီလိုပြောလို့ မင်းကဘာကောင်လဲဆိုရင်ကျွန်တော်ဗမာပြည်သား၊မြန်မာနိုင်ငံသားစစ်စစ်တစ်ယောက် ပါလို့ ပဲပြန်ဖြေမှာပါ။ အထူးသဖြင့်ဒီမိုကရေစီကိုတိုင်းပြည်မှာထွန်းကားလာပြီးအထည်ကြီးကိုပြတ်ပြတ်သားသား နိုင်ငံတကာမှာပြတ်နေတဲ့ဗမာပြည်နဲ့ လူမျိုးကိုမူလအစစ်အမှန်အတိုင်းပြန်ဖြစ်စေချင်တဲ့လူတစ်ယောက်ပါ။ ဒီလိုမျိုးရေးလိုက်လို့ အမျှော်အမြင်မရှိတဲ့ငတုံးလို့ ပြောလာရင်လဲခင်ဗျားတို့ ကြိုက်သလိုပြောလို့ ရပါတယ်။ကျွန်တော် အပါအ၀င်ကျွန်တော့်လိုအမြင်တူတဲ့လူတွေကအခုလက်ရှိဖြစ်စဉ်တစ်ရပ်လုံးကိုပြောင်းပြန်လှန်ရမယ်လို့ ယူဆ ထားကျပါတယ်။ဒီလိုယူဆချက်ကပွိုင့်တစ်ခုကိုပဲဦးတည်ထားပြီးကျန်တာတွေကိုအမြင်အတိုင်းအတိအကျသုံးသပ် ထားခြင်းဖြစ်ပါတယ်။ညီအကိုတို့ တိုင်းပြည်ကိုတကယ်အစစ်အမှန်ချစ်ပါသလား ? ထိုသို့ အခြေအနေကို မသိကျိုးခြင်ယောင်ဆောင်၍ဆက်လက်အိမ်မက်ကမ္ဘာကိုဆက်လက်လျှောက် လှမ်းကြမယ်ဆိုသော မြန်မာနိုင်ငံသည် .... နောင်လာမယ့် နှစ်တွေနှင့် မြန်မာ့သမိုင်းတွင် မိမိတို့ ခေတ်ရောက်မှ ညံရာကြတာထက် မိမိတို့ခေတ်ရောက်မှ.. ဖျင်း ဆိုသော ဘ၀ကိုပိုင်ဆိုင်ရသူများအဖြစ်ရောက်ကြရတော့မှာလားဟု အကြောင်းပြု၍ ရိုးသားစွာတင်ပြ ရေးသားလိုက်ရပါသည်။

0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။