17 May 2008

သဘာဝရဲ့ သတိပေးချက်

သဘာဝဘေးအန္တရာယ်ကြောင့်အနဲဆုံးအနေနဲ့ နအဖကတရားဝင်ထုတ်ပြန်ကြေငြာထားတဲ့လူဦးရေတောင်မှ
သောင်းနဲ့ ချီပြီးသေကြေ၊ဒဏ်ရာရ၊အိုးမဲ့အိမ်မဲ့ဖြစ်ရတာလတ်လတ်ဆတ်ဆတ်ကြီးရှိပါသေးတယ်။
ဒီတော့ကျွန်တော်စဉ်းစားမိတာကကျွန်တော်တို့ တွေဘာကိုတွယ်တာနေမှာလဲ။ဂုဏ်တွေလား၊
ပကာသနတွေလား၊ကောင်းပါပြီကျွန်တော်တို့ အားလုံးဟာသာမာန်ရိုးရိုးလူသားတွေ၊လောကီ
မှာကျင်လည်နေကျတာဖြစ်တဲ့အတွက်ဒီအချက်တွေဟာလိုအပ်တယ်ဆိုတာကိုကျွန်တော်
မငြင်းပါဘူး....ဒါပေမယ့်အဲဒီလိုဂုဏ်တွေ၊ငွေတွေပကာသနတွေအတွက်လူအများစု
ကြီးဒုက္ခရောက်ပြီးမှတကယ်တမ်းအဆင်ပြေနေတဲ့လူနည်းစုဗိုလ်ချုပ်တွေရဲ့ အောက်ဆွဲပြီး
မိမိရဲ့ အရည်အချင်းကိုမြှင့်တင်မှာလား၊တကယ်ဆိုကျွန်တော်တို့ ရဲ့ သန်းငါးဆယ်ကျော်တဲ့
ပြည်သူလူထုကြီးတစ်ရပ်လုံးကိုမတရားဂုတ်သွေးစုတ်နေတဲ့လူနည်းစုဗိုလ်ချုပ်တွေရဲ့ အပေါင်း
အပါအင်အားစုစုပေါင်းတောင်မှတစ်သိန်းမပြည့်ပါဘူး.....သူတို့ တွေဟာကျွန်တော်တို့ လိုလူ
သာမန်တွေပါပဲ...ဒါပေမယ့်သူတို့ အခွှင့်ထူးတွေခံစားနေကြတယ်...အဲဒီလိုခံစားတဲ့နေရာမှာ
လဲအားလုံးကသဘောတူကြည်ဖြူလို့ သူတို့ နဲ့ ထိုက်တန်ပါတယ်ဆိုပြီးဂုဏ်ပြုချီးမြှောက်ထား
လို့ ဆိုရင်တစ်မျိုးတစ်ဘာသာပါ။

ကျွန်တော်တို့ တွေဘာအတွက်ကြောင့်ခေါင်းငုံ့ ခံပြီးသူတို့ လုပ်ချင်တာလုပ်နေတာ၊ဂုတ်သွေးစုတ်
နေတာတွေကိုလိုက်ပြီးဆောင်ရွက်လုပ်ကိုင်၊မသိချင်ယောင်ဆောင်နေမှာလဲ....အဓိကအနေနဲ့ 
တော့တပ်မတော်သားညီအကိုတွေအားလုံးကိုကျွန်တော်ဒီပို့ စ်လေးနဲ့ အတူမေတ္တာရပ်ခံပါတယ်။
ညီအကိုတို့ အားလုံးဆိုခဲ့ရတဲ့သစ္စာ၊အဓိဒ္ဓါန်လေးချက်ရဲ့ အနက်အဓိပ္ပါယ်ကိုသေသေချာချာပြန်ဆင်
ချင်ပြီးကျွန်တော်တို့ တစ်မျိုးသားလုံးရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ပြည်သူ့ စစ်သား
ကောင်းတွေအဖြစ်လုပ်ပြပြီးသမိုင်းကိုရေးဖို့ လုပ်ကြစေချင်ပါတယ်...ကျွန်တော်တို့ အားလုံးဟာ
ဘယ်လိုမဆိုတစ်နေ့ မြေကြီးထဲကိုရောက်ရမှာပါပဲ...ဒီတော့ကျွန်တော်တို့ ဘာလို့ ဒီဗိုလ်ချုပ်တွေရဲ့ 
အမိန့် ကိုနာခံပြီးသံဃာပါမချန်သတ်ဖြတ်ပြနေမှာလဲညီအကိုတို့ ...အခုကျွန်တော်တို့ နိုင်ငံကိုတစ်
ကမ္ဘာလုံးကသိသွားပါပြီ...ဒီလိုသိလာတာကလည်းအင်မတန်မှယဉ်ကျေးပါတယ်ဆိုတဲ့ကျွန်တော်
တို့ ရဲ့ လူမျိုးဟာဘုရားရဲ့ သားတော်တွေကိုပါသတ်ဖြတ်ပြလိုက်လို့ ပါ...ပီးတော့လဲကျွန်တော်တို့ အား
လုံးကိုသဘာဝတရားကြီးကသတိပေးလိုက်လို့ ပါပဲ...မြေကြီးထဲကိုရောက်ကိုရောက်ရမယ့်အတူတူ
မင်းတို့ ကောင်တွေဘာလို့ ငုံ့ ခံနေမှာလဲ...ငုံ့ ခံလို့ ဘာအကျိုးဖြစ်ထွန်းလာမှာလဲဆိုပြီးမြေကြီးထဲရောက်
တဲ့ဥပမာတစ်ခုကိုပေးလိုက်တာချက်ချင်းလက်ငင်းပါပဲ...ကျွန်တော်တို့ အားလုံးဟာကိုယ်စီကိုယ်စီ
အကြောင်းအမျိုးမျိုးကြောင့်ဂုဏ်သော်၎င်း၊ငွေပကာသနသော်၎င်း၊ရာထူးဂုဏ်ရှိန်ကြောင့်သော်၎င်း၊
တစ်မျိုးသားလုံးစစ်ကျွန်ဘ၀ရောက်နေတာကိုမသိချင်ယောင်ဆောင်မှာလား၊ဒါမှမဟုတ်ဖော်လိုလိုက်
နေမှာလား၊ဒါမှမဟုတ်မနိုင်သေးလို့ ဆိုပြီးငုံ့ ခံနေမှာလား၊ဒီနအဖစစ်ဗိုလ်ချုပ်တွေဟာအခုဆိုရင်အင်
မတန်မှပဲရေရှည်အတွက်တိုင်းပြည်ကိုရလဒ်ကောင်းတွေထွက်မလာအောင်အခြေခံဥပဒေကိုပါသူတို့ 
ထိခိုက်လာပါပြီ။ဒါဟာတိုင်းပြည်ကိုချွတ်ချုံကျသထက်ကျပြီးကမ္ဘာမပြောနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ
မှာတောင်ဘယ်အပိုင်းကမှမ၀င်ဆန့် နိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်။ဒီထက်ပိုဆိုးတာကလူတွေ
မှာဘယ်သူသေသေငတေမာရင်ပီးရောဆိုတဲ့စိတ်ဓါတ်မျိုးတွေလူတိုင်းမှာကိုယ်စီဖြစ်လာနိုင်ပါတယ်။
သမိုင်းကြောင်းအစဉ်အလာကအဲဒီလိုဖြစ်လာဖို့ အတွက်ဒီနေ့ မှာခင်ဗျားတို့ ကျွန်တော်တို့ ဖန်တီးနေ
သလိုဖြစ်နေပါတယ်။ဒီတော့ကျွန်တော်တို့ အားလုံးဒီအချက်ကိုသတိရှိရှိနဲ့ ကျွန်တော်တို့ ရဲ့ မျိုးရိုးစဉ်
ဆက်တွေရည်ရှည်မှာကောင်းမွန်ဖို့ တကယ့်အခြေခံကျတဲ့ဒီမိုကရေစီစနစ်ကိုတက်လှမ်းနိုင်ဖို့ လိုပါတယ်။
ဒီကမှတဆင့်ဒီထက်ကောင်းမွန်တဲ့စနစ်ဆိုရှယ်ဒီမိုကရေစီဆိုလဲဆိုရှယ်ဒီမိုကိုကျွန်တော်တို့ အားလုံး
တတ်လှမ်းနိုင်ဖို ကြိုးစားသင့်ပါတယ်။
မင်းပြစ်မင်းဒဏ်သင့်မှာကြောက်လို့ မလုပ်ဖူးဆိုတာမျိုးကတော့ဒီလိုအစိုးရလက်အောက်မှာပဲနေရမှာပါပဲ။
ဒီတော့ကျွန်တော်တို့ ကြောက်နေကျမှာလား...ဗမာပြည်သားတိုင်းရင်းသားတွေတစ်ဦးချင်းစီကိုလိုက်
မေးကြည့်ရင်ကြောက်ပါတယ်လို့ ဖြေမယ့်လူကမရှိသလောက်ရှားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
အဲဒီလိုပဲကမ္ဘာပြည်သားတိုင်းရင်းသားတွေအားလုံးလဲမကြောက်ဖူးလို့ ပဲယျေဘူယျသတ်မှတ်ရမှာပါပဲ။
ဒိတော့ခင်ဗျားတို့ ကျွန်တော်တို့ မကြောက်တာမှန်ရင်ကျွန်တော်တို့ အားလုံးရဲ့ နောင်လာနောင်သား
တွေအတွက်ကျွန်တော်တို့ ဒီနအဖကိုပြုတ်ကျတဲ့အထိဆော်ပြနိုင်ဖို့ လိုပါတယ်။ကျွန်တော်လဲတစ်ချိန်
တုန်းကဒီလောကထဲကိုမ၀င်ခဲ့ပါဘူး။ဒါပေမယ့်ကျွန်တော်ရှက်လာပါတယ်။ကျွန်တော်တို့ ရဲ့ အမကြီးတွေ
ဖြစ်တဲ့..ဥပမာ..မနီလာအေးတို့ လိုမိန်းကလေးတွေတောင်ကျွန်တော်တို့ နိုင်ငံကျွန်တော်တို့ လူမျိုးအတွက်
ရေရှည်ကောင်းဖို့ ကိုကိုယ်ကျိုးစွန့် အနစ်နာခံပြနေပါတယ်။ခင်ဗျားတို့ ကျွန်တော်တို့ ယောင်္ကျားရင့်မာ
ကြီးတွေကကိုယ့်လူမျိုးအချင်းချင်းထပြီးတစ်ဦးချင်းဆီမှာဓါးနဲ့ ခုတ်ထိုးသတ်ဖြတ်ဖို့ ကျတော့ဝန်မလေး
ကြပဲနိုင်ငံအပေါ်မှာကျတော့ကြောက်ပြနေတယ်ဆိုရင်မလေးရှားကကိုကျော်ကျော်တို့ ရဲ့ ပွဲကလို
ဗိုလ်ချုပ်တွေကိုထမိန်ဝတ်ပေးပြီးသနပ်ခါးပါးကွက်ကွက်ထားလိုက်တာကပိုကောင်းမှာပါ။ဒါတောင်အမှန်
အကန်မိန်းမမျိုးတွေဖြစ်တဲ့မနီလာအေးတို့ ကကျွန်တော်တို့ ခင်ဗျားတို့ အားလုံးကိုပျင်းတယ်လို့ မျက်လုံး
ချင်းဆိုင်ပြီးအေးအေးဆေးဆေးလေးပြောသွားမှာပါ။
လောလောဆယ်ကတော့သဘာဝတရားကြီးကကျွန်တော်တို့ ကိုဒဏ်ခတ်လိုက်ပါပြီ..ဒီအတွက်ကျွန်တော်
တို့ အားလုံးပေးလိုက်ရတဲ့တန်ဖိုးကတော့လက်ရှိဖြစ်ပျက်နေတဲ့ဟာတွေအားလုံးပါပဲ..လူတွေမှာလေနဲနဲ
တိုက်လာရင်တောင်နေစရာမရှိတော့ပါဘူး။ကိုယ်လုပ်မှကိုယ်ရမှာပါ..ဘယ်လိုအမေကိုမှကျော်ပြီးကျွန်
တော်တို့ အားလုံးဟာဒွေးတော်ကိုလွမ်းလို့ မရနိုင်ပါဘူး..ကုလ..အမေရိက..ဂြိုလ်သားဘာကိုမှလွမ်းနေ
လို့ မဖြစ်နိုင်ပါဘူး..ဒီတော့ကျွန်တော်တို့ ညီညာစွာနဲ့ နအဖကိုဆော်ရရင်ကောင်းမယ်ဗျာ...
ဒီအတွက်ခင်ဗျားတို့ လိုပြည်ထောင်စုရဲ့ တပ်မတော်သားအမှန်အကန်တွေကိုပဲလိုအပ်နေပါတယ်။
သဘာဝတရားကြီးကကိုယ်လုပ်မှကိုယ်ရမယ်ဆိုပြီးသတိပေး၊ဒဏ်ခတ်ပြလိုက်ပြီးတာဝန်ကျေပြလိုက်ပါ
ပြီ။ဒီအတွက်ဘာတွေပေးဆပ်လိုက်ရလဲ...ပေးဆပ်မှုမရှိပဲဘာမှမရနိုင်ပါဘူး....ကျွန်တော်တို့ တတ်နိုင်
သလောက်ပေးဆပ်ကြမယ်ဗျာ...နော

ကိုတေ

0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။