03 May 2008

အမှန်တရားအတွက်

အမှန်တရားအတွက် (x) ကြက်ခြေခတ်ကြရအောင်ဗျို့ 


ကျွန်တော့်အနေနဲ့ ကတော့စစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းကို
ဘယ်လိုမှအတည်ပြုဖို့ မထောက်ခံပါဘူး။အဲဒီလိုအတည်ပြု
မထောက်ခံရအောင်လဲသေချာတိကျတဲ့အချက်အလက်တွေထုနဲ့ ဒေးပါပဲ....

နအဖရဲ့ လက်ရှိရေးဆွဲထားတဲ့ဥပဒေကကျွန်တော်လေ့လာသုံးသပ်ရသလောက်ကတော့
သူတို့ ရဲ့ စစ်တပ်က မပါပဲနဲ့ ဘယ်လိုမှကိုဒီဥပဒေကိုပြန်ပြင်လို့ မရပါဘူး။ဘယ်နိုင်ငံမှာမှမကြားဖူး
တဲ့အချက်အလက်တွေနဲ့ ရေးဆွဲထားတယ်လို့ သုတေသီတွေပြောဆိုနေကြပါတယ်။
ဒီလိုအင်မတန်မှပဲသူတို့ စစ်တပ်အတွက်တစ်ဘက်သတ်ရေးဆွဲထားတဲ့အခြေခံဥပဒေ
ကိုသာကျွန်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ အတည်ဖြစ်အောင်ဝိုင်းပြီး
ထောက်ခံပေးလိုက်မိမယ်ဆိုရင်ကျွန်တော်တို့ တွေရဲ့ သားစဉ်မြေးဆက်စစ်ကျွန်ဘ၀ကို
ခံရအောင်ကိုယ်ကနေကျေနပ်စွာနဲ့ အတည်ပြုပေးလိုက်သလိုဖြစ်သွားမှာပါ။
ဒီအရာနဲ့ ပတ်သတ်ပြီးကျွန်တော်အသေးစိတ်မပြောတော့ပါဘူး။ကျွမ်းကျင်တဲ့ပညာရှင်တွေ
သုတေသီတွေ၊သတင်းဝဘ်ဆိုက်တွေမှာကျယ်ကျယ်ပြန့် ပြန့် ရှင်းလင်းထားကြတာရှိပါပြီ။
ကျွန်တော်တို့ ပြည်သူပြည်သားအများစုဟာလာမယ့် ၁၀ ရက်နေ့ မှာထည့်ကျရမယ့်မဲ
အတွက်ဘာကိုဘာကြောင့်ဘာမဲထည့်ရမှန်းတောင်မသိကျတဲ့သူတွေကအများစုပါ။။ဒီတော့
စစ်အစိုးရရဲ့ လက်ရှိရေးဆွဲထားတဲ့ဥပဒေကဘာတွေပါဝင်လဲဆိုတာကိုမသိတဲ့သူတွေအနေနဲ့ 
တောင်ရိုးရိုးလေးပဲကန့် ကွက်မဲထည့်လိုက်သင့်ပါတယ်...သံဃာတောင်မချန်အာဏာတစ်ခု
တည်မြဲဖို့ အတွက်သတ်ဖြတ်ပြနေပြီပဲဗျာ...ဒီလိုအစိုးရမျိုးကဘယ်မှာလာကောင်းတော့မှာလဲ။
လက်ရှိလဲဒီမဲဆန္ဒပေးဖို့ အတွက်သူတို့ တွေသာဝန်ကြီးကအစကျေးလက်တွေအထိဆင်းပြီးမဲဆွယ်မှု
တွေကိုအရှိန်အဟုန်မြှင့်ပြီးကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်နေကျသလောက်ဒီမိုကရေစီ
ဘက်တော်သားတွေကိုကျတော့ပေးမလုပ်တဲ့အပြင်လုပ်ဆောင်လာရင်လဲဖမ်းဆီးတဲ့အထိလုပ်နေကြတာပါ။
ဒီအချက်အလက်တွေကိုကြည့်တာနဲ့ တင်သူတို့ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းဟာ
ဘယ်မှာလာပြီးပြည်သူတွေအတွက်သေချာရေရာတိကျခိုင်မာပြီးတရားမျှတမှုရှိတဲ့ဥပဒေဖြစ်
လာနိုင်ပါတော့မလဲ။တိုင်းရင်းသားတွေမှာလဲမလွတ်လပ်ပါဘူး...ပြောတော့သာပြည်ထောင်စု
ဆိုပြီးတော့တိုင်းရင်းသားတွေကသူတို့ ကြိုက်လို့ ရွေးချယ်တင်မြှောက်လိုက်တဲ့
ခေါင်းဆောင်တွေတောင်သူတို့ စစ်တပ်ကသဘောမတူရင်ခေါင်းဆောင်ဖြစ်လာနိုင်မှာ
မဟုတ်ပါဘူး။။ဘာကိုမဆိုစစ်တပ်ကပဲချုပ်ကိုင်ထားတဲ့ဥပဒေဖြစ်ပါတယ်။
စစ်တပ်ကဘာကိုမဆိုချုပ်ကိုင်ထားတဲ့ဥပဒေဖြစ်ပါတယ်.....ကျွန်တော်ကတော့ဆန္ဒမဲကို
" NO " ပဲရိုးရိုးလေးကြက်ခြေခတ်ပါတယ်...ညီအကိုမောင်နှမပြည်ထောင်စုသားတိုင်း
ရင်းသားတွေအားလုံးလဲကန့် ကွက်မဲကြက်ခြေခတ်ကြမယ်လို့ မျှော်လင့်ပါတယ်။

1 comments :

လာလည်ပါတယ်ဗျာ စာမေးပွဲကြောင့်မရောက်ဖြစ်တာပါ။ စီဘုံးပျောက်သွားပါကလား ။ အဆင်ပြေပါစေ

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။