30 March 2008

Scholarships in New Zealand

ကျွန်တော့်ရဲ့ မရှိတဲ့ညီမကိုယူထားပြီးသူ့ ရဲ့ မရှိတဲ့အမကိုသူကပေးထားလို့ တော်ထားရတဲ့ယောက်ဖ

  • ® ဒီဒီကို ®
  • ဆီကနေဒီပို့ စ်လေးကိုပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။

    ဘီဘီစီမှာ ကြော်ငြာသွားတဲ့ နယူဇီလန်မြန်မာပညာတော်သင်ဆု နဲ့ပက်သက်ပြီး ကျနော်ရေးချင်ပါတယ် .. မြန်မာတယောက်အတွက် ပညာတော်သင်ဆုဆိုတာ .. အခွင့်အရေးကောင်းတခုပါ .. ပြည်ပမှာ သွားရောက်သင်ကြားချင်တဲ့ ကျောင်းသားတွေအတွက် အထောက်အပံ့ဖြစ်ဖို့ရည်ရွယ်ပြီး ကျနော်ဒီပို့စ်ကို တင်လိုက်တာပါ .. ဒီscholarship နဲ့ပက်သက်ပြီး ကျနော်လဲ ပြည်တွင်းမှာရှိတုန်းက လိုက်နေတာကြာပါပြီ .. ခဏကြေငြာသွားတာကို ကျနော်အမှီမကြည့်ဖြစ်လိုက်လို့ ကျနော်လဲ မလျှောက်ဖြစ်ခဲ့ပါဘူး .. အဆက်သွယ်မရခဲ့ပါဘူး … အဲဒီလို မသိလိုက် မမှီလိုက်လို့ ပညာတော်သင်ဆု မလျှောက်လိုက်ရတာမျိုး မဖြစ်စေချင်လို့ ကျနော်ဒီပို့စ်ကို တင်လိုက်တာပါ .. မူရင်းကတော့ Auckland university မှ အငြိမ်းစားဆရာကြီးတဦးရေးထားတဲ့ ပညာတော်သင်ဆု အကြောင်းပါ … ဆရာ့ကို ခွင့်တောင်းပြီး ကျနော် ဒီပိုစ်ကို တင်လိုက်ပါတယ် … တခြား ကိုယ်နဲ့ ရင်းနှီးတဲ့သူများထဲမှ scholarship လျှောက်ချင်သူများကိုလဲ တဆင့်ပြန်ပြောပေးစေချင်ပါတယ်..
    အင်တာနက်ပေါ်မှ တိုက်ခိုက်မှုများကြောင့် ဆရာ့၏အမည်ရင်းနှင့် ဆက်သွယ်ဖို့ လိပ်စာကို မဖေါ်ပြပေးနိုင်တာကိုတော့ နားလည်စေချင်ပါတယ် .. (ဆရာက ဒီမှာမြန်မာအချင်းချင်း စေတနာထား ကူညီနေတာပါ.. ဒါပေမယ့် စစ်တပ်နဲ့ပက်သက်တဲ့ အသိုင်းအ၀ိုင်းများမှ အီးမေးလ်များဖြင့် ဆဲဆိုတိုက်ခိုက်မှုများရှိခဲ့ပါတယ် .. အဲဒီလို ရိုင်းစိုင်းတဲ့ အပြုအမူမျိုး မဖြစ်စေချင်လို့ ဆရာ့ရဲ့ လိပ်စာအရင်းကို ကျနော်မပေးရဲတာပါ .. ဆရာ့အတွက် မကောင်းပါဘူး) အဲဒါကြောင့် ဆက်သွယ်ချင်ရင် ကျနော်မှတဆင့် ဆက်သွယ်နိုင်ပါတယ် .. ဆရာမှ scholarship နဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်များကို ရှင်းပြပါလိမ့်မယ် ..
    ဒီဝဘ်ဆိုဒ်မှ တဆင့်လဲ ကြည့်နိုင်ပါတယ် … www.auckland.ac.nz/uoa/for/prospective/welcomes/internationalstudents/

    အကြမ်းဖျင်းကတော့ .. ဘွဲ့ရပြီးသား မြန်မာတွေအတွက် ဘွဲ့လွန်တက်နိုင်အောင် ပေးထားတဲ့ scholarship ဖြစ်ပါတယ် ..

    ဒီဘာသာတွေမှာ ဘွဲ့လွန်သင်ကြားချင်တဲ့ ကျောင်းသားတွေ အတွက်ပါ ..

    * Master of Public Health
    * Master of Science (Environmental Science)
    * Master of Arts (Development Studies)
    * Master of International Business
    * Master of Commerce (International Business)
    * Diploma, Postgraduate Diploma, Master and Doctoral programmes in Engineering.

    မြန်မာတွေအတွက် လျောက်ထားနိုင်တဲ့ scholarship တွေကတော့ ..

    1. Asian Development Bank (ADB)-Japan Scholarship

    (လျှောက်လွှာပိတ်ရက် - နှစ်စဉ် ဇူလိုင်၁ရက် .. ဘွဲ့ရပြီးသား မြန်မာတိုင်း လျှောက်နိုင်ပါတယ် .. )

    ဂျပန် စကောလားရှစ်အဖွဲ့မှ ဒီစရိတ်များကို တာဝန်ယူပါတယ် …

    * တက္ကသိုလ် စာသင်စရိတ်
    * Auckland မြို့အရောက် လေယာဉ်လက်မှတ်
    * ကျန်းမာရေး အာမခံကြေး
    * သင်တန်းပြီးဆုံးသောအခါ အပြန်ခရီးအတွက် လေယာဉ်လက်မှတ်

    မှတ်ချက် -

    * မှီခိုသူများအတွက် ထောက်ပံ့ကြေး မပါဝင်ပါ
    * မိမိနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်နေသူများမလျှောက်နိုင်ပါ (ပြည်တွင်းသို့ ခေတ္တပြန်ရွေ့လျောက်လျင် ရနိုင်ပါတယ်... အဓိက က ပြည်တွင်းလိပ်စာပေးဖို့ပါ)
    * Auckland university တွင်သာ သင်ကြားနိုင်သည်

    Auckland university တွင် တက်ရောက်သင်ကြားနိုင်ရန် လိုအပ်ချက်

    အချိန်ပြည့် (Full time)ကျောင်းသုံးနှစ်တာ တက်ရောက်သင်ကြားမည့်ဘွဲ့လွန်နှင့် သက်ဆိုင်သော ဒီဂရီဘွဲ့တွင် .. အနဲဆုံး B grade, average 70% ရ ရမည် …
    English IELTS overall 6.5 with no bands less than 6 Or TOEFL (Test of English as a Foreign Language) paper- based 575 with a TWE of

    4.5 or computer-based 233 with TWE of 4.5

    ရ ရမည် ..



    2. New Zealand Development Scholarship (NZDS) - Open Category

    နယူဇီလန် အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးရေးနှင့် နိုင်ငံခြားရေး တို့မှ ငွေပေးသည် ..

    - မှိခိုသူများအတွက် သတ်မှတ်ထားသောစရိတ်များ ထောက်ပံ့သော်လဲ လေယာဉ်စရိတ် အသွားအပြန် မပါဝင်ပါ ..

    ကျန်တာတွေက အပေါ်ကနဲ့ အတူတူပါပဲ …

    3. New Zealand International Doctoral Research Scholarships

    4. University of Auckland International Doctoral/Fees Scholarships

    အောက်ကလန်တက္ကသိုလ်တခုတည်းကိုသာ မဟုတ်ပဲ အခြားတက္ကသိုလ်များကိုပါ လျှောက်ရန် အခွင့်အရေးရှိသည် ..

    အောက်ဖေါ်ပြပါ တက္ကသိုလ်များသို့ လျှောက်နိုင်သည် ..

    * Auckland University
    * Otago University International Scholarship: Dunedin NZ
    * Victoria University Australia Scholarship:
    * Massey University Scholarship NZ:
    * AUT, Auckland University of Technology:
    * Unitec, Auckland NZ:
    * Victoria University Wellington NZ:
    * Melbourne University:

    မှတ်ချက် - Scholarship ပညာသင်ဆုကိုသာ အရင်လျှောက်ပါ .. တက္ကသိုလ်ဝင်ခွင့် အရင် မလျှောက်လိုက်ပါနှင့် .. မိမိစရိတ်ဖြင့် ကျောင်းတက်နိုင်မည်ဟု ယူဆပြီး အပယ်ခံရနိုင်ပါသည် ..

    ဒီကျောင်းမျာမှ ဘွဲ့လွန်သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားသူများကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ..
    Ddieko@yahoo.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it

    ddieko@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it

    Hp - 006 - 0211 282480 ကို ဆက်သွယ်နိုင်ပါတယ် …

    အားလုံးပျော်ရွှင်ပါစေ

    ဒီဒီကို

    3 comments :

    အရမ်းပဲ ကျေးဇူးပြုတဲ့ ပို့စ်လေးပါ ခင်ဗျာ ...

    ကျွန်တော်လည်း ပညာတော်သင် လျှောက်ရတာ နယူးဇီလန်က စ လေ့လာ ဖြစ်တာပါ ...
    ကိုယ်တိုင်လည်း ပညာတော်သင်ပဲ ရှိပါသေးတယ် ... ကိုယ်တိုင် အားလုံးလျှောက်ပြီးမှ ထွက်လာတာပါ ... အစိုးရချင်း အပြန်အလှန် သဘောတူညီချက်နဲ့ လွှတ်လို့ ရောက်လာတာ မဟုတ်ပါဘူး ...

    ဒါနဲ့ စကားမစပ် ကျွန်တော့်ဆီမှာ ဖရုဿ ၀ါစာ လာရောက် ပို့ချနေတာက တပ်မတော် သားနဲ့ ပါတ်သက်သူများဖက်မှ မပါဝင်ကြောင်း လေးပါ (အခြား ... ခံယူချက် မတူသူများ သာ ဖြစ်ပါတယ်) ...

    ကျွန်တော်လည်း ကူညီရေး လုပ်ငန်း လေးတွေ လုပ်နေပါတယ် ...
    ပြည်သူ့ ကျန်းမာရေး နဲ့ ...
    ရွှေနိုင်ငံမှ အန်ဂျီအိုများ ၀က်ဆိုဒ်များ ထူထောင် ရေးသားပြီး ဖိုရမ်တွင် ဆွေးနွေးခြင်း အပြင် ... တိုက်ရိုက် မေးပို့ စုံစမ်းခြင်းတွေ အပြင် ချက်တင် မှ တိုက် ရိုက် အပြန် အလှန် ဆွေးနွေးပေးခြင်းတွေ လုပ်ပေးနေပါတယ် ခင်ဗျာ ...
    စစ်တပ် က လူတွေ မနေ မရောက် တဲ့ နိုင်ငံတွေ က လာလာ ---ဲ-- ကြတာပါ ခင် ဗျာ ...

    This comment has been removed by the author.

    Post a Comment

    Related Posts with Thumbnails

    international TVs

    စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။